လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၃-၂၀၂၀) ရက်နေ့၊ (၀၅:၄၅) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်ပန်လယ်ကျေးရွာအုပ်စု၊ ရွှေညောင်ပင် ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် မီးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) နှင့် လူဦးရေ(၉) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၁၈,၉၀၀) ကျပ် စုစုပေါင်းငွေ (၂၁၈,၉၀၀) ကျပ် အား(၅ -၃-၂၀၂၀) ရက်နေ့ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_mar2020
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)