လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံမြောက်၌ (၂၉-၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ဘေးသင့်အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၅၀၀,၀၀၀) ကျပ်၊ လူဦးရေ(၂၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက် စာ ထောက်ပံ့ငွေ (၄၂,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၄၂,၀၀၀) ကျပ် နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ထောင်စု (၃) စုစာတို့အား (၅-၃-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ ဝိုင်းမော်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ဆီလီတောင်ရပ်၌ (၂၆-၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင် စု(၁) စုစာတို့အား (၅-၃-၂၀၂၀)ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း မီးဘေးသင့်ပြည်သူများလက်ဝယ် အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_mar2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)