လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ စော်ဘွား လမ်းနေ ဦးလောက်အယ် သည် (၂၂-၂-၂၀၂၀) ရက်နေ့ နံနက်(၈:ဝဝ) နာရီအချိန်ခန့်တွင် သေနတ်ကျည်ထိမှန်၍ သေဆုံးခဲ့သောကြောင့် (၅-၃-၂၀၂၀) ရက်နေ့ နံနက် (၁၀:ဝဝ)နာရီ အချိန်တွင် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် သေဆုံး သူမိသားစုထံသို့ ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀/-) အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#shn_mar2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)