
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥမှင်ကုန်းကျေးရွာ အုပ်စု၊ ဥမင်ကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်အချပ်ရေ (၃၀) ချပ် အမိုး လန်သွားသော အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်အား (၅-၃-၂၀၂၀) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကောလင်းမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)