သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

5_Pic_015_Pic_02

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၃.၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီမှ (၁၁:၃၀) နာရီအထိ ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာ၊ ကျိုက်သုတ်ဓမ္မာရုံ၌ ရွာသူ/ ရွာသား (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက် များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် များကို ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#mon_mar2020
 
 
Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events