လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

5_Pic_02 5_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အတွက် မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စုအတွင်းရှိ သဲရိုးကျေးရွာ၊ လက်ပံသာယာကျေးရွာများတွင် မိုးဦးကျကာလ၌ ဖြစ်ပွား တတ်သော လေးပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင် နိုင်သောနေအိမ်များအား သင့်တင့်သော ခိုင်ခန့်မှုရရှိရန်အတွက် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊မေတ္တာပေါင်းကူးပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ (၅-၃-၂၀၂၀) ရက် နေ့၌ ကွင်းဆင်းစာရင်းကောက်လျက်ရှိပါကြောင်း သိရှိရပါသည်။

#bgo_mar2020

Source: မိုးညိုမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events