Category Archives: News
-
သောက်သုံးရေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာတွင် သောက်သုံးရေ ဂါလန် (၁၂၀၀)အားလည်ကောင်း၊ မွန်းလွဲ(၂)နာရီတွင် ပါဆန်းကျေးရွာတွင် ဂါလန် (၁၂၀၀)အားလည်ကောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းကျောက်၊ မြို့နယ်ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ကျေးရွာရှိရေလှောင်ကန်များထဲသို့ သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #shn_mar2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအားသွားရောက်ကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ရှော်နီကျေးရွာ၌ Trust & Gain Co. Ltd က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် တည်ဆောက်လျှက်ရှိသော School Cum Shelter တည်ဆောက်ခြင်း (၁၀၀%)ပြီးစီးမှုအခြေအနေကို လွှတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများ၊ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dep #ayy_mar2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့၌ ဘက်စုံသုံး ဘေးဒဏ်ခံ စာသင်ကျောင်း အဆောက်အဦ(၁)လုံး တည်ဆောက်ရန်အတွက် ထောက်ပံ့ငွေပေးအပ်
မတ်လ ၂၂ ၊ ပုသိမ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၌ ဘက်စုံသုံးဘေးဒဏ်ခံ စာသင်ကျောင်း အဆောက်အဦ (ပေ ၁၃၀ x ပေ ၃၀ x ၁၅ပေ) (၁) လုံး တည်ဆောက်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ချောင်းသာမြို့ ဒေသခံပြည်သူအချို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ကြသူများအား တိုင်းဒေသကြီး ပြည်သူ့ … Read more
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအားသွားရောက်ကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၃-၂၀၂၀) ရက်နေ့တွင် ဓနိဆိပ်ကျေးရွာအုပ်စု၊ ဒေါင်းချောင်းကျေးရွာနှင့် ရွာလေးချောင်းကျေးရွာတို့၌ Trust & Gain Co. Ltd က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် တည်ဆောက်လျှက်ရှိသော School Cum Shelter တည်ဆောက်ခြင်း (၁၀၀%)ပြီးစီးမှုအခြေအနေကို လွှတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများ၊ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dep #ayy_mar2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးတို့မှတာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွက် ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာအုပ်စု၊ ရင်းတိုက်ကုန်းကျေးရွာအုပ်စုနှင့် အောင်မြင်ကျေးရွာအုပ်စုတို့၌ လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သောခိုင်ခံ့မှုရရှိရေး ပြုပြင်မွမ်းမံမှုများဆောင်ရွက်ရန် (၁၉-၃-၂၀၂၀)ရက်နေ့မှ (၂၁-၃-၂၀၂၀) ရက်နေ့အထိ ကွင်းဆင်းစာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #bgo_mar2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၌ (၁၁-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့ကို (၂၀-၃-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန် တွင်လည်းကောင်း၊ ရမ်ပူရပ်ကွက်၊ နယ်မြေ(၂)၌ (၁၅-၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာ တို့ကို (၂၀-၃-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင်လည်းကောင်း၊ အာလမ်ကျေးရွာအုပ်စု၌ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၃-၂၀၂၀)ရက်နေ့တွင် စစ်တွေမြို့နယ်၊ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၂)စုမှ လူဦးရေ(၈၉)ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၈၀၁,၀၀၀/-) ကျပ် (ရှစ်သိန်းတစ်ထောင်ကျပ်တိတိ) ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_mar2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၃-၂၀၂၀)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လေပြင်းဘေးကြောင့် ပျက်စီးနိုင်သောနေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သောနေအိမ်များကို ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အိမ်မဲမြို့နယ်၊ ပဒတ်ကျေးရွာအုပ်စု၊ သာလေးကုန်းကျေးရွာနှင့် တောင်စုကျေးရွာတို့၌ ကွင်းဆင်းစစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၃-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ခုံဇင်ကုန်းကျေးရွာနှင့် ကညင်ငူကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် ခိုင်ခံ့မှုအားနည်းသည့် နေအိမ်များ အားဖြည့်ပြုပြင်ရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် အင်းပုညာ−ကျောင်းကုန်း ကုန်ထုတ်လမ်းပေါ်၌ ကွန်ကရစ်တံတား တည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ်
မတ်လ ၂၁ ၊ သာယာဝတီ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ အင်းပုည − ကျောင်းကုန်း ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း သည် နှစ်စဉ်မိုးသည်းထံစွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသည့်အတွက် ရေရှည် ဘေးအန္တရာယ်ကာကွယ်ရန်တည်ဆောက်မည့် ( ပေ ၈၀ x ၁၄ ပေ x ၈ ပေ ) ကွန်ကရိအမျိုးအစား တံတားတစ်စင်းအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ … Read more









