လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ရှော်နီကျေးရွာ၌ Trust & Gain Co. Ltd က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် တည်ဆောက်လျှက်ရှိသော School Cum Shelter တည်ဆောက်ခြင်း (၁၀၀%)ပြီးစီးမှုအခြေအနေကို လွှတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများ၊ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#infra_dep
#ayy_mar2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)