လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၂၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာတွင် သောက်သုံးရေ ဂါလန် (၁၂၀၀)အားလည်ကောင်း၊ မွန်းလွဲ(၂)နာရီတွင် ပါဆန်းကျေးရွာတွင် ဂါလန် (၁၂၀၀)အားလည်ကောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းကျောက်၊ မြို့နယ်ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ကျေးရွာရှိရေလှောင်ကန်များထဲသို့ သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#shn_mar2020
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)