လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးတို့မှတာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွက် ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာအုပ်စု၊ ရင်းတိုက်ကုန်းကျေးရွာအုပ်စုနှင့် အောင်မြင်ကျေးရွာအုပ်စုတို့၌ လေပြင်းဘေးကြောင့် ပျက်စီးနိုင်သော နေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား သင့်တင့်သောခိုင်ခံ့မှုရရှိရေး ပြုပြင်မွမ်းမံမှုများဆောင်ရွက်ရန် (၁၉-၃-၂၀၂၀)ရက်နေ့မှ (၂၁-၃-၂၀၂၀) ရက်နေ့အထိ ကွင်းဆင်းစာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#prep_sgw
#bgo_mar2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)