လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၃-၂၀၂၀)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လေပြင်းဘေးကြောင့် ပျက်စီးနိုင်သောနေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သောနေအိမ်များကို ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အိမ်မဲမြို့နယ်၊ ပဒတ်ကျေးရွာအုပ်စု၊ သာလေးကုန်းကျေးရွာနှင့် တောင်စုကျေးရွာတို့၌ ကွင်းဆင်းစစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#prep_sgw
#ayy_mar2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)