Author Archives: Thandar Aung

  • လေပြင်းဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ (၁၈-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကြောင့် လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်ခဲ့သည့် ဘုန်းတော်ကြီး(၁)ကျောင်းနှင့် နေအိမ် (၃၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၃၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၈၀၅၀၀၀) ကျပ်ကို ဘေးသင့်ပြည်သူထံသို့ (၂၀-၃-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ခြင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ကောလင်းမြို့နယ်၊ ယင်းတိုက်ကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ၌ (၁၈-၃-၂၀၁၉) ရက်နေ့ (၁၉း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ထောင်စု ၁ စုအတွက်  ကယ်ဆယ်ရေးပစ္စည်း ၅ မျိုးနှင့်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေစုစုပေါင်း(၇၅၀၀၀) ကျပ်အား (၂၀-၃-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာ၌ (၁၈-၃-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀ိ/-)နှင့် လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၀၉၀၀ိ/-) တို့အား (၁၉-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင့် သိရှိရပါသည်။   Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၁၁)ရပ်ကွက် လူနေအိမ်များနှင့် (၂)ဖာလုံခန့် ကွာဝေးသည့် တောတိုက်တစ်နေရာ၌  (၁၈-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္စ္ခ္ခာဖိုးငွေ (၇)ရက်စာ (၈၄၀၀ိ/-)၊ သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)၊ စုစုပေါင်း(၄၀၈၄၀၀ိ/-) အား (၁၉-၃-၂၀၁၉) ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

                                      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၁၈∕၁၉-၃-၂၀၁၉) ရက်နေ့များတွင် နွေဦးရာသီအတွင်း နှစ်စဉ်လေပြင်းဘေးအန္တရာယ်ကြုံတွေ့ရသော ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ ဆုံးရှုံးမှုလျှော့နည်းရန်အတွက် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းအသိပညာပေးလုပ်ငန်းများအပြင် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ကိုလည်း လက်တွေ့စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါသည်၊၊ လုပ်ငန်းဆောင်ရွက်ရာတွင် … Read more

  • စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျွန်းလှမြို့နယ်၊ အင်းတော်မြို့နယ်၊ ကလေးဝမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်နှင့် ကောလင်းမြို့နယ်တို့၌ (၁၈-၃-၂၀၁၉)ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုများကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၁၀၀)လုံးခန့်နှင့် ဘာသာရေးကျောင်း (၅)ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် ဘာသာရေးကျောင်းများ အတွက် (၄၆)သိန်း(၈)သောင်းကျော်တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ အား သက်ဆိုင်ရာခရိုင်/ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများမှ တာဝန်ရှိသူ များက (၁၉-၃-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

    ================================================= Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၁၉) ရက်နေ့တွင် သတင်းနှင့်ပညာပေးရေးဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကြက်ခြေနီ၊ ဥပဒေဌာန၊ CSO မှ တာဝန်ရှိသူများနှင့်အတူ ပေါက်ခေါင်းမြို့နယ်၊ ရပ်သစ်ကျေးရွာအုပ်စု၊ ရပ်သစ်ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ  ပြည်သူလူထု (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    ================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်- (၂၆-၂-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ကုန်း(ဝဲကရင်)ကျေးရွာအုပ်စု၊ ဝဲကရင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်  မီးလောင်ကျွမ်းခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်အား ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်လည်းကောင်း၊ (၂၇-၂-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စု၊ ရေတံခွန်ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်အား လည်းကောင်း၊ … Read more

  • မုန်းတိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း

    ================================================= Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များဖြင့် မုန်းတိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးများက အဖွင့်အမှာစကားပြောကြားပြီး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းအင်အား (၅၀၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်းလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    ================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောက်နွန်ရှမ်းရွာ၌ (၂၇-၂-၂၀၁၉) ရက်နေ့၊ (၀၄း၅၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၀)မျိုး (၁)အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) … Read more

Sign Up

Upcoming Events