
=================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်-
(၂၆-၂-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ကုန်း(ဝဲကရင်)ကျေးရွာအုပ်စု၊ ဝဲကရင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်အား ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်လည်းကောင်း၊
(၂၇-၂-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စု၊ ရေတံခွန်ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်အား လည်းကောင်း၊
(၂၇-၂-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ မိဇံကျေးရွာအုပ်စု၊ ရွှေကင်းရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၆၈၀၀) ကျပ် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့အား လည်းကောင်း၊
(၂၇-၂-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။