
=================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၂-၂၀၁၉) ရက်နေ့တွင် သတင်းနှင့်ပညာပေးရေးဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကြက်ခြေနီ၊ ဥပဒေဌာန၊ CSO မှ တာဝန်ရှိသူများနှင့်အတူ ပေါက်ခေါင်းမြို့နယ်၊ ရပ်သစ်ကျေးရွာအုပ်စု၊ ရပ်သစ်ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။