Author Archives: Thandar Aung
-
တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်းကျေးရွာအုပ်စု လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်းကျေးရွာအုပ်စု၊ တောင်လျောင်းကျေးရွာတို့၌ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အမိုးလန်အိမ်ခြေ(၇)လုံး အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၅)ဦးတို့အတွက် အိမ်ဆောက်-ကျောင်းဆောက်ပစ္စည်းဖိုး (၄၈၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၅၂,၅၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၃၂,၅၀ဝ)ကျပ်အား (၁-၅-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2020 Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထီးလင်းမြို့နယ်၊ ပုဏ္ဏားကျေးရွာအုပ်စုနှင့် တောင်ရောင်းကျေးရွာအုပ်စု လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ပုဏ္ဏား ကျေးရွာအုပ်စု၊ ပုဏ္ဏားကျေးရွာနှင့် တောင်ရောင်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတို့၌ (၃၀-၄-၂၀၂၀)ရက်နေ့၊ (၁၄:၂၀) နာရီမှ (၁၄:၄၀) နာရီအချိန်ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၉)လုံး အမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၈)ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါလေပြင်းဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၈၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၇၉၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၅၉၈၀ဝိ/-)တို့အား ထီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂-၅-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2020 … Read more
-
နားယန်း(၁)ကျေးရွာ၊ နားယန်း(၂)ကျေးရွာနှင့် ဝမ်မိုင်ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့တွင် နားယန်း(၁)ကျေးရွာ၊ နားယန်း(၂)ကျေးရွာနှင့် ဝမ်မိုင်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကနီမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လေပြင်းဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကနီမြို့နယ်အတွင်းရှိ တွင်းမကျေးရွာ၊ တွင်းကျေးရွာ၊ တောင်ပျောက်ကျေးရွာ၊ ဘုရားစုကျေးရွာနှင့် ပက်ကြားဝကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးလိုက်နာရန်အချက်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ အသိပညာပေးခြင်း၊ ကျေးရွာများအတွင်း ပြည်သူသို့ပန်ကြားချက်များနှင့် လေပြင်းဘေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မင်းဘူး(စကု)မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ ကျွဲတဲကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ ရှော်ဖြူတောကျေးရွာ၊ မရွှေကြောင်းကျေးရွာ၊ စည်သာကျေးရွာနှင့် မုတ်ခဲကျေးရွာများအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုင်းခတ်မြို့နယ်၊ ပါပွန်းကျေးရွာအုပ်စုအတွင်း လေပြင်းဘေးသင့်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပါပွန်းကျေးရွာအုပ်စု၊ ဟွေဖယ်ကျေးရွာ၌ (၁-၅-၂၀၂၀) ရက်နေ့၊ (၀၅းဝဝ) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ်(၆)လုံး၊ အိမ်ထောင်စု (၆) စု၊ လူဦးရေ စုစုပေါင်း (၃၅)ဦးတို့ လေဘေးသင့်ခဲ့ရာ အဆိုပါလေဘေးသင့်အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၃၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၆) အိမ်ထောင်စာတို့အား (၂-၅-၂၀၂၀) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေ … Read more
-
မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု မိုးကြိုးဘေးသင့်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာ၌ (၁-၅-၂၀၂၀)ရက်နေ့၊ (၁၇း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဒဏ်ရာရခဲ့သည့်လူနာ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံငွေ (၅၀၀၀၀)ကျပ်နှင့် သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၃၅၀၀၀၀)ကျပ်အား (၂-၅-၂၀၂၀)ရက်နေ့၊ (၀၉း၀ဝ)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_may2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မင်းကင်းမြို့ (ယာယီရွှေ့ပြောင်း)ဈေး၌ မုန်တိုင်းအသိပညာပေးလက်ကမ်းစာစောင်များနှင့် မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့ (ယာယီရွှေ့ပြောင်း)ဈေး၌ မုန်တိုင်းအသိပညာပေးလက်ကမ်းစာစောင်များနှင့် မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများနှင့် လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ စမ်းရွာကျေးရွာအုပ်စုနှင့် လုံဘူတာကျေးရွာအုပ်စုတို့၌ (၂၇-၄-၂၀၂၀) ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၈)ဦးတို့ ဘေးသင့်ခဲ့သဖြင့် အဆိုပါနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂,၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၃၇,၈၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၄)အိမ်ထောင်စုစာတို့အားလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာ၌ (၂၇-၄-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ သာသနိကအဆောက်အအုံ(၁)လုံး၊ လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၈)ဦးတို့ဘေးသင့်ခဲ့ပါသဖြင့် အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂,၂၀,၀၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် … Read more
-
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၃)ရပ်ကွက်၊ အမှတ်(၁၅၅)ရပ်ကွက်၊ စစ်ပင်တောင်ရပ်ကွက်များ၌ (၂၇-၄-၂၀၂၀)ရက်နေ့၊ (၁၃း၁၅)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၇၆)လုံး၊ အိမ်ထောင်စု(၇၆)စုမှ လူဦးရေ(၃၆၂)ဦးတို့ လေဘေးသင့်ခဲ့သဖြင့် လေဘေးသင့်အိမ်ခြေ(၇၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၃၁,၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၇,၆၀,၂၀ဝိ/-)နှင့် ပြိုကျနေအိမ်(၁၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁၃)အိမ်ထောင်စုစာတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၃၀-၄-၂၀၂၀)ရက်နေ့တွင် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_may2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
