မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု မိုးကြိုးဘေးသင့်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ထိန်ကုန်းကျေးရွာ၌ (၁-၅-၂၀၂၀)ရက်နေ့၊ (၁၇း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဒဏ်ရာရခဲ့သည့်လူနာ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံငွေ (၅၀၀၀၀)ကျပ်နှင့် သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၃၅၀၀၀၀)ကျပ်အား (၂-၅-၂၀၂၀)ရက်နေ့၊ (၀၉း၀ဝ)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#bgo_may2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events