လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်းကျေးရွာအုပ်စု၊ တောင်လျောင်းကျေးရွာတို့၌ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အမိုးလန်အိမ်ခြေ(၇)လုံး အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၅)ဦးတို့အတွက် အိမ်ဆောက်-ကျောင်းဆောက်ပစ္စည်းဖိုး (၄၈၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၅၂,၅၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၃၂,၅၀ဝ)ကျပ်အား (၁-၅-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)