လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကနီမြို့နယ်အတွင်းရှိ တွင်းမကျေးရွာ၊ တွင်းကျေးရွာ၊ တောင်ပျောက်ကျေးရွာ၊ ဘုရားစုကျေးရွာနှင့် ပက်ကြားဝကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးလိုက်နာရန်အချက်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ အသိပညာပေးခြင်း၊ ကျေးရွာများအတွင်း ပြည်သူသို့ပန်ကြားချက်များနှင့် လေပြင်းဘေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)