ထီးလင်းမြို့နယ်၊‌ ပုဏ္ဏားကျေးရွာအုပ်စုနှင့် တောင်ရောင်းကျေးရွာအုပ်စု လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊‌ ပုဏ္ဏား ကျေးရွာအုပ်စု၊ ပုဏ္ဏားကျေးရွာနှင့် တောင်ရောင်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတို့၌ (၃၀-၄-၂၀၂၀)ရက်နေ့၊ (၁၄:၂၀) နာရီမှ (၁၄:၄၀) နာရီအချိန်ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၉)လုံး အမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၈)ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါလေပြင်းဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၈၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၇၉၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၅၉၈၀ဝိ/-)တို့အား ထီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂-၅-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events