လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပါပွန်းကျေးရွာအုပ်စု၊ ဟွေဖယ်ကျေးရွာ၌ (၁-၅-၂၀၂၀) ရက်နေ့၊ (၀၅းဝဝ) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ်(၆)လုံး၊ အိမ်ထောင်စု (၆) စု၊ လူဦးရေ စုစုပေါင်း (၃၅)ဦးတို့ လေဘေးသင့်ခဲ့ရာ အဆိုပါလေဘေးသင့်အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၃၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၆) အိမ်ထောင်စာတို့အား (၂-၅-၂၀၂၀) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)