Author Archives: Thandar Aung
-
သာပေါင်းမြို့နယ်၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ၌ (၁၁-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၆၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၆၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာအား (၁၂-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မောက်မယ်မြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO မှ ဒုတိယ-ဉက္ကဌဉီးခွန်မြင့်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းငေါင်းဆိုင်ဟိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးခွန်ဟန်သိန်းဉီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ကျောက်မနွဲ့ဘုန်းတော်ကြီးကျောင်း၌ မောက်မယ်မြို့နယ်အတွင်းရှိကျေးရွာများ၌ (၁-၅-၂၀၂၀) ရက်နေ့နှင့် (၁၁-၅-၂၀၂၀) ရက်နေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄၇)အိမ် အမိုးလန်(တစိတ်တပိုင်း)ပျက်စီးခဲ့သဖြင့် ဘေးသင့်ခဲ့သည့်လူဉီးရေ(၂၅၃)ဉီးအတွက် ဆန်ရိက္ခာဖိုး(၁)လစာ (၂၂၇၇၀၀ဝိ/-) (နှစ်ဆယ့်နှစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်တိတိ/-) အား ဘေးသင့်ပြည်သူများ၏ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးများအဆင့် Online အထူးအစည်းအဝေးတက်ရောက်ဆွေးနွေး
~~~~~~ Source: MOSWRR ~~~~~~ ဇွန် ၁၀၊ နေပြည်တော် ~~~~~~ အာဆီယံလူမှုဝန်ထမ်းနှင့်လူမှုဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးများအဆင့် online အထူးအစည်းအဝေး (Special Online Meeting of the ASEAN Minister Meeting on Social Welfare and Development (AMMSWD) ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဦးဆောင်၍ (၁၀-၆-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။ … Read more
-
ကျုံဒိုးမြို့၊ ဓမ္မသုခဘုန်းကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ချက်အရ ကျုံဒိုးမြို့ရှိ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား (၁၀-၆-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကျုံဒိုးမြို့၊ ဓမ္မသုခဘုန်းကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ အသိပညာပေးဆွေးနွေးခြင်းနှင့် ဘေး(၈) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စုရပ်စခန်းများသို့ Covid_19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀) ရက်နေ့တွင် မြို့မရပ်ကွက်၊ လမ်းမကျောင်းစုရပ်ရှိ အိမ်ထောင်စု (၅၃၆) စု၊လူဦးရေ (၂၃၂၁) ဦးအား ဆပ်ပြာ (၂၃၂၁) တောင့်၊ ဗီနိုင်း (၃) ချပ်၊ ထုံး (၁၀) အိတ်အားလည်းကောင်း၊ တောင်ရပ်ကွက်၊ ရန်မောင်မြေကျောင်းစုရပ်ရှိ အိမ်ထောင်စု (၁၅၆) စု၊ လူဦးရေ (၅၉၀) ဦးအား ဆပ်ပြာ (၅၉၀) တောင့်၊ ဗီနိုင်း (၂) ချပ်၊ … Read more
-
ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်နေရာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၉-၆-၂၀၂၀) ရက်နေ့၊ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်များဖြင့် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငပုတောမြို့နယ် မိုးကြိုးထိမှန်သေဆုံးသူ၏ ကျန်ရစ်သူမိသားစုထံ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဇီးဖြူဆိပ်ကျေးရွာအုပ်စု၊ ထိုးဘိုရေတံခါး၌ (၄-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သင်္ကန်းကုန်းကျေးရွာအုပ်စု၊ သင်္ကန်းကုန်းကျေးရွာ၌ နေထိုင်သည့် မိုးကြိုးထိမှန် သေဆုံးသူ (၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀ဝိ/-)အား (၈-၆-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ၏ ကျန်ရစ်သူမိသားစုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လွိုင်ကော်မြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ တီးလုံကျေးရွာအုပ်စု တီးလုံကျေးရွာ၊ နားဆုံကွေ့ကျေးရွာ၊ ဒေါစဲကျေးရွာနှင့် မဲဖျာကျေးရွာ၊ ထီးစဲခါးကျေးရွာအုပ်စု ဝမ်ခိုင်းကျေးရွာ၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ကျောက်ကြီး(မြောက်)ကျေးရွာနှင့် ကျောက်ကြီး(တောင်)ကျေးရွာ၊ နွားလဝိုးကျေးရွာအုပ်စု သ ပြေကုန်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jun2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍အသိပေးနှိုးဆော်ခြင်း
~~~~~~~~ Source: MOSWRR ~~~~~~~~ ဇွန်လ ၇ ရက်၊ နေပြည်တော် ~~~~~~~ မြန်မာနိုင်ငံတွင် မိုးကြိုးဘေးအန္တရာယ်သည် မိုးကြိုကာလနှင့် မိုးနှောင်းကာလများ၌ ပိုမိုဖြစ်ပွားတတ်ပြီးလေ့လာတွေ့ရှိမှုများအရ တစ်နေ့တာအတွင်း မိုးကြိုးပစ်ခြင်းအဖြစ်အများဆုံးအချိန်မှာ မွန်းတည့်(၁၂)နာရီမှ ညနေ(၆)နာရီအတွင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ မိုးကြိုးပစ်မှုကြောင့် ၂၀၁၉ ခုနှစ်တွင် လူ(၁၃၃)ဦးသေဆုံးခဲ့ပြီး (၅၂)ဦးဒဏ်ရာရရှိခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ လူ(၆၂)ဦးသေဆုံးကာ (၂၆)ဦး ဒဏ်ရာရရှိခဲ့ပါသည်။ မိုးကြိုးပစ်မှုဖြစ်စဉ်များကိုကြည့်ပါက မိုးထစ်ချုန်းရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်းဖြစ်ပေါ်နေချိန်များတွင် လယ်ကွင်းထဲ၌အလုပ်လုပ်နေစဉ်၊ အိမ်အပြင်ဘက်၌ လူများတစ်စုတစ်စည်းတည်းရှိနေစဉ်၊ … Read more
-
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ရင်ထိုးတံဆိပ်များစတင်ပေးအပ်
~~~~~~~~~ Source: MOSWRR ~~~~~~~~~ ဇွန်လ၊ ၇၊ နေပြည်တော် ~~~~~~~~~ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ပေးကြသည့်စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ စတင်ပေးအပ်ခြင်း၊ တစ်ကိုယ်ရည်လုံခြုံရေးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန … Read more
