မောက်မယ်မြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO မှ ဒုတိယ-ဉက္ကဌဉီးခွန်မြင့်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းငေါင်းဆိုင်ဟိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးခွန်ဟန်သိန်းဉီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ကျောက်မနွဲ့ဘုန်းတော်ကြီးကျောင်း၌ မောက်မယ်မြို့နယ်အတွင်းရှိကျေးရွာများ၌ (၁-၅-၂၀၂၀) ရက်နေ့နှင့် (၁၁-၅-၂၀၂၀) ရက်နေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၄၇)အိမ် အမိုးလန်(တစိတ်တပိုင်း)ပျက်စီးခဲ့သဖြင့် ဘေးသင့်ခဲ့သည့်လူဉီးရေ(၂၅၃)ဉီးအတွက် ဆန်ရိက္ခာဖိုး(၁)လစာ (၂၂၇၇၀၀ဝိ/-) (နှစ်ဆယ့်နှစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်တိတိ/-) အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_jun2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events