လွိုင်ကော်မြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ တီးလုံကျေးရွာအုပ်စု တီးလုံကျေးရွာ၊ နားဆုံကွေ့ကျေးရွာ၊ ဒေါစဲကျေးရွာနှင့် မဲဖျာကျေးရွာ၊ ထီးစဲခါးကျေးရွာအုပ်စု ဝမ်ခိုင်းကျေးရွာ၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ကျောက်ကြီး(မြောက်)ကျေးရွာနှင့် ကျောက်ကြီး(တောင်)ကျေးရွာ၊ နွားလဝိုးကျေးရွာအုပ်စု သ ပြေကုန်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kyh_jun2020
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events