ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စုရပ်စခန်းများသို့ Covid_19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀) ရက်နေ့တွင် မြို့မရပ်ကွက်၊ လမ်းမကျောင်းစုရပ်ရှိ အိမ်ထောင်စု (၅၃၆) စု၊လူဦးရေ (၂၃၂၁) ဦးအား ဆပ်ပြာ (၂၃၂၁) တောင့်၊ ဗီနိုင်း (၃) ချပ်၊ ထုံး (၁၀) အိတ်အားလည်းကောင်း၊
 
တောင်ရပ်ကွက်၊ ရန်မောင်မြေကျောင်းစုရပ်ရှိ အိမ်ထောင်စု (၁၅၆) စု၊ လူဦးရေ (၅၉၀) ဦးအား ဆပ်ပြာ (၅၉၀) တောင့်၊ ဗီနိုင်း (၂) ချပ်၊ ထုံး (၁၀) အိတ်အားလည်းကောင်း၊
 
မြတောင်ဘုန်းကြီးကျောင်းစုရပ်ရှိ အိမ်ထောင်စု (၂၀၅) စု၊ လူဦးရေ (၁၀၅၉) ဦးအား ဆပ်ပြာ (၁၀၅၉) တောင့်၊ ဗီနိုင်း (၂) ချပ်၊ ထုံး (၁၀) အိတ်အားလည်းကောင်း၊
 
ဂန္ဓာရီပရဟိတဘုန်းကြီးကျောင်းစုရပ်ရှိ အိမ်ထောင်စု (၆၉) စု၊ လူဦးရေ (၃၅၇) ဦးအား ဆပ်ပြာ (၃၅၇) တောင့်၊ ဗီနိုင်း (၁) ချပ်၊ ထုံး (၁၀) အိတ်အားလည်းကောင်း၊
 
မြောင်းနားတိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု (၈၂) စု၊ လူဦးရေ (၄၂၄) ဦးအား ဆပ်ပြာ (၄၂၄) တောင့်၊ ဗီနိုင်း (၁) ချပ်၊ ထုံး (၁၀) အိတ်အားလည်းကောင်း၊
 
စုရပ်စခန်းတာဝန်ရှိသူများထံ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_jun2020
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events