Author Archives: Thandar Aung
-
ဇလွန်မြို့နယ်၊ မဟာသာအုပ်စု၊ မဟာသာကြီးကျေးရွာမှ မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၃၀-၄-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ်၊ မဟာသာအုပ်စု၊ မဟာသာကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၂၁၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ် … Read more
-
ဇလွန်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
ဇလွန်မြို့နယ်၊ အနောက်လေးတူးကျေးရွာအုပ်စု၊ အုတ်ရှစ်ကွင်းအုပ်စု၊ သရက်မြောက်အုပ်စု၊ သရက်တောင်အုပ်စု စသည့်ကျေးရွာအုပ်စု ၄ စုနှင့် ညောင်ပင်စျေးရပ်ကွက်တို့၌ (၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၀) လုံး ပြိုလဲပျက်စီးခဲ့ပြီး၊ အိမ်ခြေ (၅၄) လုံး အမိုးလန်ခဲ့ကာ၊ စုစုပေါင်းအိမ်ခြေ (၆၄) လုံးရှိ အိမ်ထောင်စု (၆၄) စုမှ လူဦးရေ (၂၂၁) ဦးလေဘေးဒဏ်ခံစားခဲ့ရပါသည်။ အဆိုပါ ပြိုလဲအိမ်ခြေ (၁၀) လုံးအတွက် (၁) လုံးလျင် (၁၀၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀) … Read more
-
တရုတ်နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒက်ကျခံခဲ့ရပြီး လောက်ကိုင်မှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ၄င်းတို့နေရပ်ဒေသသို့ ပြန်နိုင်ရေး ထောက်ပံ့ဆောင်ရွက်ပေးမှုသတင်း
(၃၀-၃- ၂၀၁၇) ရက်နေ့တွင် တရုတ်နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒက်ကျခံခဲ့ရပြီး လောက်ကိုင်မှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာသော မြန်မာနိုင်ငံသားများ (လူဦးရေ ကျား ၁၆ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၂၀ ဦး) အား ၄င်းတို့၏နေရပ်ဒေသဖြစ်သော ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်တွင်းမြို့နယ်၊ အုတ်ဖိုကျေးရွာသို့ ပြန်နိုင်ရေးအတွက် (၄-၅-၂၀၁၇) ရက်နေ့၊ နံနက် (ဝရး၄၀) နာရီအချိန်တွင် လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မန္တလေးမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း (၄) … Read more
-
လေပြင်းဘေးကြိုတင်ပြက်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် စာစောင်နှင့် မိုးကြိုးဘေးစာစောင်ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြက်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် စာစောင်နှင့် မိုးကြိုးဘေးစာစောင်များကို မင်းပြားမြို့ရှိ ကျေးရွာများသို့သွားလာကြသည့် သုံးဘီဆိုင်ကယ်ဂိတ် ကားဂိတ် မြို့မစျေးနှင့်မော်တော်ဘုတ်ဆိပ်တွင် ကျေးရွာမှမြို့သို့စျေးလာဝယ်ကြသည့် ကျေးလက်ပြည်သူများသို့ လေပြင်းဘေးစာစောင် မိုးကြိုးဘေးစာစောင် တစ်မျိုးလျှင် ၈၀ စောင်အား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source:မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်မှ တာဝန်ရှိသူများသည်ဗန်းမော်မြို့နယ်စင်းခန်းကျေးရွာတွင်(၂၆-၄- ၂၀၁၇)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခက်မှုကြောင့် အမိုးလန်အိမ်ထောင်စု(၅)စုလူဦးရေ (၂၂)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုးနှင့်ဆန်ဖိုးငွေ၄၆၂၀၀၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ၅သိန်းနှင့့် အမိုးလန်ဘုန်းကြီးကျောင်း၁ကျောင်းအတွက် ထောက်ပ့ံငွေ၁သိန်း စုစုပေါင်း၆၄၆၂ဝဝကျပ်တိတိကို (၃-၅-၂၀၁၇)ရက်နေ့တွင် ကချင်ပြည်နယ်ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျိုင်းတုံမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဟိုနားအောက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁-၅-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၄းဝ၀) နာရီအချိန်တွင် ကျိုင်းတုံးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဟိုနားအောက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ငလျင်သရုပ်ပြလေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်တက်ရောက်သူများထံ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် အရေးပေါ်ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်များကပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၁၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မောင်တောမြို့နယ်၊ အထက်ပြူးမကျေးရွာ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၃-၄-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တော်မြို့၊ အထက်ပြူးမကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ခြေ (၁) လုံးလျှင် (၁) သိန်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၇) သိန်းကျပ်၊ ဘေးသင့်လူဦးရေ (၁၂၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၂၅၂၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၇) အိမ်ထောင်စာတို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
မိုင်းဆတ်မြို့နယ်အတွင်း လေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၂-၄-၂၀၁၇) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လွယ်ပါရင် (၂) ကျေးရွာ၌ အိမ်ခြေ (၁၀) လုံး၊ မယ်ကြုတ်ကျေးရွာ၌ အိမ်ခြေ (၃၅) လုံး အမိုးလန်ခဲ့ရာ အဆိုပါကျေးရွာများမှ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄၅) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ခြေ (၁) လုံးလျှင် (၁) သိန်းနှုန်းဖြင့် အိမ်ခြေ (၄၅) လုံးအတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၀၀၀၀၀) ကျပ်တိတိကိုလည်းကောင်း၊ အလားတူ (၂၂-၄-၂၀၁၇) ရက်နေ့တွင်ပင် မိုင်းဆတ်မြို့နယ်၊ ဂျာဒယ်ကျေးရွာအုပ်စုအတွင်း … Read more
-
ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ဖွင့်လှစ်မှုသတင်း
(၂၄-၄-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ရုံးဖွင့်ပွဲသို့ ကော့ကရိတ်မြို့၊ မဟာဗောဓိရာမကျောင်းဆရာတော်ကြီးနှင့်အတူ ပင့်သံဃာ (၃) ပါးတို့အား ပင့်ဖိတ်ပြီး ကန်တော့ပွဲ ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားနာယူကာ ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ပါသည်။ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ဖွင့်ပွဲသို့ ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူး ဦးလင်းထွဋ်နှင့် ကော့ကရိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ခိုင်တို့နှင့်အတူ ခရိုင်ဌာနဆိုင်ရာများနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ IOM ရုံး၌ မုတ်သုံအကြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
(၂၄-၄-၂၀၁၇) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ IOM ရုံး၌ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် UN၊ INGO အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မုတ်သုံအကြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ IOM၊ OCHA၊ NRC၊ ACF၊ UNV၊ ACTED နှင့် WFP အဖွဲ့အစည်းများမှ လူဦးရေ (၁၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
