ဇလွန်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

4_pic01 4_pic02
ဇလွန်မြို့နယ်၊ အနောက်လေးတူးကျေးရွာအုပ်စု၊ အုတ်ရှစ်ကွင်းအုပ်စု၊ သရက်မြောက်အုပ်စု၊ သရက်တောင်အုပ်စု စသည့်ကျေးရွာအုပ်စု ၄ စုနှင့် ညောင်ပင်စျေးရပ်ကွက်တို့၌ (၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၀) လုံး ပြိုလဲပျက်စီးခဲ့ပြီး၊ အိမ်ခြေ (၅၄) လုံး အမိုးလန်ခဲ့ကာ၊ စုစုပေါင်းအိမ်ခြေ (၆၄) လုံးရှိ အိမ်ထောင်စု (၆၄) စုမှ လူဦးရေ (၂၂၁) ဦးလေဘေးဒဏ်ခံစားခဲ့ရပါသည်။

အဆိုပါ ပြိုလဲအိမ်ခြေ (၁၀) လုံးအတွက် (၁) လုံးလျင် (၁၀၀၀၀၀) နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး (၁၀) အိမ်ထောင်စာကိုလည်းကောင်း၊ အမိုးလန်အိမ်ခြေ (၅၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၅၄) အိမ်ထောင်စာကိုလည်းကောင်း၊ ဘေးသင့်ပြည်သူ (၂၂၁) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄၆၄၁၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၄၆၄၁၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၃-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံခဲ့ကြောင်း သိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events