
(၁-၅-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၄းဝ၀) နာရီအချိန်တွင် ကျိုင်းတုံးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဟိုနားအောက်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ငလျင်သရုပ်ပြလေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်တက်ရောက်သူများထံ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် အရေးပေါ်ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်များကပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ လူဦးရေ (၁၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)