ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြက်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် စာစောင်နှင့် မိုးကြိုးဘေးစာစောင်များကို မင်းပြားမြို့ရှိ ကျေးရွာများသို့သွားလာကြသည့် သုံးဘီဆိုင်ကယ်ဂိတ် ကားဂိတ် မြို့မစျေးနှင့်မော်တော်ဘုတ်ဆိပ်တွင် ကျေးရွာမှမြို့သို့စျေးလာဝယ်ကြသည့် ကျေးလက်ပြည်သူများသို့ လေပြင်းဘေးစာစောင် မိုးကြိုးဘေးစာစောင် တစ်မျိုးလျှင် ၈၀ စောင်အား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source:မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)