
(၃၀-၄-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ်၊ မဟာသာအုပ်စု၊ မဟာသာကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၂၁၀၀) ကျပ်တို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့တွင် ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)