Author Archives: Thandar Aung
-
အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာနမှ အကူအညီပစ္စည်းများ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး လက်ခံရယူ
၁၄-၁၀-၂၀၁၇၊ ရန်ကုန် ရခိုင်ပြည်နယ်အတွင်းရှိပြည်သူများအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre)မှ လူသားချင်းစာနမှု ဆိုင်ရာ အကူအညီများထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(ရန်ကုန်ရုံးခွဲ) တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ထောက်ပံ့ပစ္စည်းများကို လက်ခံ ရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။ အဆိုပါအခမ်းအနားတွင် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန၏ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Adelina Kanal က လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက … Read more
-
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခခံစားနေကြ ရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် နိုင်ရန် အတွက် အလှူငွေများပေးအပ်
၁၄-၁၀-၂၀၁၇ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခခံစားနေကြရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ဒေါက်တာ ကောင်းမြတ်ကွယ်လွန်ခြင်း (၆)နှစ်ပြည့် အဖြစ် လှူဒါန်းငွေ ကျပ်သိန်း(၂၀)အားလည်းကောင်း၊ Future Green ပရဟိတလူငယ်များ အသင်းက လှူဒါန်းငွေကျပ် (၁၀)သိန်းကိုလည်းကောင်း အဆိုပါရုံးခွဲသို့လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ယမန်နေ့ (၁၃-၁၀-၂၀၁၇)ရက်နေ့ကလည်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့နေ ဦးဝင်းမြင့်+ဒေါ်ဌေးဌေးအေး သားသမီးမြေးမြစ်တစ်စု၏ ထောက်ပံ့ကူညီမှု ကျပ်ငွေ (၅)သိန်းကိုလည်း … Read more
-
ကျေးရွာအဆင့် သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဂရုဏာလူမှု စည်းလုံး ညီညွတ်ရေးအသင်း (KMSS)တို့ပူးပေါင်း၍ (၁၄-၁၀-၂၀၁၇) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာ အုပ်စု၊ တံခွန်တိုင်ကျေးရွာ၌ ကျေးရွာအဆင့် သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ရာ သာပေါင်းမြိ့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ (၂၇၀) ခန့် တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
“ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် “ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ” အထိမ်းအမှတ်အခမ်းအနားကို (၀၈း၃၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ် သွေး မှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြား၍ စာစီစာကုံးပြိုင်ပွဲတွင်ဆုရ ကျောင်း သား/သူများကိုဆုချီးမြှင့်ခြင်း၊၂၀၁၇ခုနှစ်၊အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်မှတ်တမ်းဗွီဒီယိုပြသခြင်း၊ကျောင်းသား/သူများအားသဘာဝဘေးအန္တရာယ်ဆိုင်ရာပဟေဠိမေးခွန်း များမေးမြန်း၍ ဆုချီးမြှင့်ခြင်း၊ ဓာတ်ပုံမှတ်တမ်းများအားလှည့်လည်ကြည့်ရှုခြင်းများကို အခမ်းအနား အစီအစဉ်အတိုင်း ကျင်းပခဲ့ရာ(၀၉း၃၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။ ၂။ အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် ရေပေါ်ကြီးကျေးရွာအုပ်စုနှင့် ကဿဝင်ကျေးရွာအုပ်စု၌ (၃၀.၉.၂၀၁၇)၇က်နေ့တွင် နေအိမ်(၃၁)လုံး၊ ကဿဝင်ကျေးရွာအုပ်စု၌(၅.၁၀.၂၀၁၇) ၇က်နေ့တွင် နေအိမ် (၇)လုံး၊ စုစုပေါင်း နေအိမ် (၃၈)လုံး၊ အိမ်ထောင်စု (၃၈)စု စာ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအား (၁၂.၁၀.၂၀၁၇)၇က်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးးရှိ တာဝန်ရှိသူများမှ ပန်းတနော်မြို့နယ်၊ ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source:မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဇေယျာသီရိမြို့နယ်အတွင်း ရေဘေးသင့်အိမ်ထောင်စုနှင့် သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများနှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း ချောင်းရေမြင့်တက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၈-၁၀-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ သာယာကုန်းအုပ်စု၊ ဝဲကြီးကျေးရွာ၌ ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ စက္ကူပုံးပါ(၁၀)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄ဦးx၇ရက်x၃၀ဝိ/-) ဖြင့် (၈,၄၀ဝ) ကျပ်၊ စုစုပေါင်း (၅၈,၄၀ဝ) ကျပ်အား လည်းကောင်း၊ (၉-၁၀-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ သက်နှင်းအေးကျေးရွာအုပ်စု၊ သစ်တပ်ကလေးကျေးရွာ၌ သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇ဦးx၇ရက်x၃၀ဝိ/-) ဖြင့် (၁၄,၇၀ဝ)ကျပ်၊ ဒဏ်ရာရလူနာ(၁)ဦးအတွက် (၅၀,၀၀ဝ)ကျပ်၊ … Read more
-
ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ ဒေသဖွံံဖြိုးရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် MOU ရေထိုးထားသော LWF (Lutheran World Federation) အဖွဲ့တို့ပူးပေါင်း၍ ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ ဒေသဖွံံဖြိုးရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ (၁၁) ရက်နေ့နှင့် (၁၂) ရက်နေ့တို့တွင် ကျင်းပရာ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက ၄င်းတို့၏လုပ်ငန်းဆောင်ရွက်ချက်များအား တက်ရောက်လာကြသည့် ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲနှင့် တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာဖွံံဖြိုးရေးကော်မတီဝင်များအား ရှင်းလင်းတင်ပြကြပြီး သိလိုသည်များအား ပြန်လည်ဖြေကြားခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ အဆိုပါမြို့နယ် (၄) မြို့နယ်မှ ကော်မတီဝင် (၁၃၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: … Read more
-
ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျ အ.လ.က ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
(၁၁-၁၀-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျ အ.လ.က ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သော ကဒ်ဂိမ်းများ ကစားခြင်းဆောင်ရွက်ခဲ့ပြီး စာအုပ်၊ ဘောလ်ပင်များ သဘာဝဘေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများအား ပေးအပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာမှ မိုးကြိုးဘေးကြောင့်ဒဏ်ရာရရှိခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
(၁၁-၁၀-၂၀၁၇) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာမှ မိုးကြိုးဘေးကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာအတွက် ထောက်ပံ့ငွေ (၅) သောင်းကျပ်ကို ထားဝယ်ဆေးရုံကြီးတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းလယ်စု ကျေးရွာ တွင် (၄-၁၀-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့ သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် Unicef Family Kits (၂၆)မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၀၈၄၀၀ိ/-)အား (၁၀-၁၀-၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ကွင်း ဆင်းထောက်ပံ့ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
