Author Archives: Thandar Aung

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၁) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးလယ်ကျေးရွာ၊ ထီးလျားကျေးရွာ၊ ဘီဆိုကျေးရွာ၊ လျားဒူးကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jan2021 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် အမျိုးသမီးများသင်တန်းအတွက် အမေရိကန်အစိုးရက လှူဒါန်းသော အထောက်အကူပြုပစ္စည်းများ လက်ခံရရှိ

    ~~~~~~~~~ Source: MOSWRR ~~~~~~~~~ ဇန်နဝါရီ ၂၂ ၊ နေပြည်တော် ~~~~~~~~~   လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်ဖွင့်လှစ်မည့် အမျိုးသမီးများပြန်လည်ထူထောင်ရေးသင်တန်းအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ အဆိုပါဝန်ကြီးဌာနတွင် Virtual Meeting ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။   အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)နှင့် ပြန်လည်ထူထောင်ရေးစခန်း(ဖယ်ခုံ)တို့အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့် ဆေးခန်းသုံးပစ္စည်းများကို … Read more

  • မီးဘေးမြေစိုက်ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်အတူ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျွန်းတောလမ်း၊ Cyclone Shelter ရှေ့၌ ပြည်သူများအား မီးဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား သိရှိနိုင်စေရန် မီးဘေးမြေစိုက်ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2021 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း မိုးလုံလေအားကစားခန်းမရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၅၆)စု၊လူဦးရေ (၂၃၉)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၇၄)အိတ် (၁၆)ပြည် (၄)ဘူးအားလည်းကောင်း၊ စျေးတောင်ရပ်ကွက်ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၇၁)စု၊ လူဦးရေ (၃၁၈)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၉၉)အိတ် (၉)ပြည်အားလည်းကောင်း၊ စျေးရပ်ကွက်ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၁၂)စု၊ လူဦးရေ(၃၀၉)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ၊ (၉၆)အိတ် (၁၃)ပြည် (၄)ဘူးအား တိုက်ပွဲရှောင်ပြည်သူများထံ (၂၁-၁-၂၀၂၁) ရက်နေ့တွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ချင်းပျဉ်းတောဆွေမျိုးများနေအိမ်၊ ကမ်းဒိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ထမင်းထုပ်ကျေးရွာ၊ ဆူးပုတ်ကျေးရွာ၊ မီးလောင်ချောင်းကျေးရွာနှင့် ကြပ်ကျေးရွာတို့ရှိ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ ဆင်စွယ်ကျေးရွာ၊ ဘလဲ့ပုံကျေးရွာ၊ ပိုမာတဲကျေးရွာနှင့် သိန်းချောင်းကျေးရွာများ၌ COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2021 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီးအား Online ဖြင့် တွေ့ဆုံဆွေးနွေးမှုသတင်း

    Source: MOSWRR ——— ဇန်နဝါရီ၁၈ ၊နေပြည်တော် ——— လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr.Dan ChuggအားZoom Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။   ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် ထိခိုက်လွယ်အုပ်စုများအတွက် COVID-19 ဆိုင်ရာ ကာကွယ်၊ တားဆီး၊ တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ အဆိုပါထိခိုက်လွယ်အုပ်စုများအတွက် လိုအပ်သောလူမှုရေးဆိုင်ရာဝန်ဆောင်မှုများနှင့် ထောက်ပံ့မှုများဆောင်ရွက်ပေးနေမှုများ၊ COVID-19ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သဖြင့် ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသော မဟာဗျူဟာများနှင့်လုပ်ငန်းစဉ်များတွင် COVID-19 … Read more

  • မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ မင်္ဂလာရွာသစ်ကျေးရွာ၌ (၂၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အုတ်ခံ ပျဉ်ထောင် သွပ်မိုး(၂)ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ရာ အဆိုပါနေအိမ်မှ ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဉီးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ Family Kit(၁)စုံ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၁၀၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၂၁၀၅၀၀/-)ကျပ်နှင့် Unicef Myanmar မှ လှူဒါန်းထားသည့် Hygiene Kit (E)2020 (၁)ဖာအား (၂၇-၁၂-၂၀၂၀)ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ၏ … Read more

  • ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နတ်မောက်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် နတ်မောက်မြို့နယ်မီးသတ်တပ်ဖွဲ့၌ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #simex_eqk #mgy_dec2020 Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events