လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ ဆင်စွယ်ကျေးရွာ၊ ဘလဲ့ပုံကျေးရွာ၊ ပိုမာတဲကျေးရွာနှင့် သိန်းချောင်းကျေးရွာများ၌ COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)