မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ မင်္ဂလာရွာသစ်ကျေးရွာ၌ (၂၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အုတ်ခံ ပျဉ်ထောင် သွပ်မိုး(၂)ထပ်နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ရာ အဆိုပါနေအိမ်မှ ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဉီးအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ Family Kit(၁)စုံ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၁၀၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၂၁၀၅၀၀/-)ကျပ်နှင့် Unicef Myanmar မှ လှူဒါန်းထားသည့် Hygiene Kit (E)2020 (၁)ဖာအား (၂၇-၁၂-၂၀၂၀)ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#krn_dec2020
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events