တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း မိုးလုံလေအားကစားခန်းမရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၅၆)စု၊လူဦးရေ (၂၃၉)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၇၄)အိတ် (၁၆)ပြည် (၄)ဘူးအားလည်းကောင်း၊ စျေးတောင်ရပ်ကွက်ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၇၁)စု၊ လူဦးရေ (၃၁၈)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၉၉)အိတ် (၉)ပြည်အားလည်းကောင်း၊ စျေးရပ်ကွက်ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၁၂)စု၊ လူဦးရေ(၃၀၉)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ၊ (၉၆)အိတ် (၁၃)ပြည် (၄)ဘူးအား တိုက်ပွဲရှောင်ပြည်သူများထံ (၂၁-၁-၂၀၂၁) ရက်နေ့တွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ချင်းပျဉ်းတောဆွေမျိုးများနေအိမ်၊ ကမ်းဒိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ထမင်းထုပ်ကျေးရွာ၊ ဆူးပုတ်ကျေးရွာ၊ မီးလောင်ချောင်းကျေးရွာနှင့် ကြပ်ကျေးရွာတို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၃၁၀)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ၊ (၉၆)အိတ် (၂၁)ပြည်အား အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၂၁-၁-၂၀၂၁) ရက်နေ့၊ (၂၂:ဝဝ) နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#rke_jan2021
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events