Author Archives: Thandar Aung

  • ရေကြည်မြို့နယ် ညောင်မော်ကျေးရွာအုပ်စု သောင်တန်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ====================================================Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ==================================================== ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသြ ကီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် ရေကြည်မြို့နယ် ညောင်မော်ကျေးရွာအုပ်စု သောင်တန်းကျေးရွာ၌  သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား  ပြည်သူလူထု ၁၂၀ ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးဖြစ်ပွားလျှင် ဆောင်ရန် ရှောင်ရန်များ ဟောပြောခြင်းနှင့် ကျေးရွာအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  • ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ဘားပုကျေးရွာရှိ စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း

    ================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ လှောကာကျေး ရွာအုပ်စု၊ ဘားပုကျေးရွာရှိ စာသင်ကျောင်း၌ ကျေးရွာနေ ပြည်သူပေါင်း (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက တက်ရောက်လာသူများထံ ဗလာစာအုပ်နှင့် ဘောလ်ပင်များ ဖြန့်ဝေပေးခဲ့ပြီး မီးဘေး ရေဘေး မုန်တိုင်းဘေး မိုးကြိုးဘေး ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • မင်းပြားမြို့နယ် ခေါင်းလောင်းကျေးရွာနှင့် စွန်ရဲကျေးရွာတို့၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ================================================= Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ~၁၁းဝဝ) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို မင်းပြားမြို့နယ် ခေါင်းလောင်းကျေးရွာ သစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျောင်းသူ/သားနှင့် ကျေးရွာနေပြည်သူ (၁၄၈) ဦးတို့ကိုလည်းကောင်း၊ နေ့လယ် (၁၂းဝဝ~၁၅းဝဝ) နာရီအချိန်တွင် မင်းပြားမြို့နယ် စွန်ရဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းသား/သူနှင့် ကျေးရွာနေပြည်သူ (၁၂၅) ဦးတို့ကိုလည်းကောင်း သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခြင်း၊ ဘေး(၈)မျိုးပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ … Read more

Sign Up

Upcoming Events