=================================================
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား ကျွေးမွေးစရိတ်အဖြစ် ငွေကျပ်သိန်းငါးဆယ် ( ၅၀၀၀၀၀၀ိ/-) တိတိကို ထောက်ပံ့ခဲ့ရာ (၂၇- ၁၂ -၂၀၁၇) ရက်နေ့တွင် မြဝတီခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက မြဝတီခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ပြီး ပြန်လည်ကြိုဆိုလက်ခံရေးစခန်းရန်ပုံငွေသို့ ပေးသွင်းခဲ့ကြောင်း သိရှိရပါသည်။