====================================================Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ====================================================
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသြ ကီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် ရေကြည်မြို့နယ် ညောင်မော်ကျေးရွာအုပ်စု သောင်တန်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ပြည်သူလူထု ၁၂၀ ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးဖြစ်ပွားလျှင် ဆောင်ရန် ရှောင်ရန်များ ဟောပြောခြင်းနှင့် ကျေးရွာအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။