ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၌ မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း

29_Pic01

=================================================
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
=================================================

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၌ (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ Family kit (၁) ထုပ်၊ ရေပုံး အဖုံးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၀၅၀၀) ကျပ် စုစုပေါင်းထောက်ပ့ံငွေ (၁၁၀၅၀၀) ကျပ်တိတိတို့အား (၂၉-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events