===================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)——–
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် UN- Habitats တို့ပူးပေါင်း၍ တိုင်းဒေသကြီးအဆင့် သဘာဝဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းဆိုင်ရာ အသိပညာများနှင့် အတွေ့အကြံု သင်ခန်းစာများ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ (၂၇-၁၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝဝ) နာရီမှ (၁၅း၃၀) နာရီအချိန်တွင် ပုသိမ်မြို့မြို့တော်ခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ အဖွင့်မိန့်ခွန်းပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုး (ကဆရ) မှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းပြ၍ ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် တိုင်းအဆင့်ဌာနဆိုင်ရာများ စုစုပေါင်းလူဦးရေ (၅၀) ဦးဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။