Author Archives: Thandar Aung
-
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥရှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက် လေးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥရှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်၌ (၁၆-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၇) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၂၈၆၀၀) ကျပ်အား (၁၉-၄-၂၀၁၈) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ပန်းတောင်မြို့နယ်ထွေ/အုပ်သို့ သွားရောက်၍ ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ကံမမြို့နယ်၊ ပယ်ကျကျေးရွာအုပ်စု၊ ပြောင်ကျကျေးရွာ လေပြင်းဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ပယ်ကျကျေးရွာအုပ်စု၊ ပြောင်ကျကျေးရွာ၌ (၁၆-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၄၃) ဦး ဘေးသင့်ခဲ့ရာ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၉၀၃၀၀ိ/-)၊ အမိုးလန်နေအိမ် (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၇၀၀၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၃၆၀၃၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး … Read more
-
ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ ဒါးကကမ်းနားလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ ဒါးကကမ်းနားလမ်း၌ (၁၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့ သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် Family Kits (၂၆) မျိုးပါ (၁) ပုံး (၈၂၀၀၀ိ/-) ၊ ပလက်စတစ်ပုံး (၁) … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မောင်တောဒေသတွင်း ပြန်လည်နေရာချထားရေး၊ စစ်တွေမြို့ပေါ် IDP စခန်းများ ပိတ်သိမ်းရေးနှင့်ပတ်သက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးမှုသတင်း
================================================= ၁၈-၄-၂၀၁၈၊ စစ်တွေ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြနလည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ (၁၈-၄-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာ ပထမဦးစွာ သစ်တုံးနားခွဆုံကျေးရွာသို့ ရောက်ရှိပြီး ပြန်လည်တည်ဆောက်ပြီးသည့်အိမ်များတွင် မြိုတိုင်းရင်းသား အိမ်ထောင်စု (၃၅) စုအား ပြန်လည်နေရာချထားပေးမည့် အခြေအနေတို့ကိုကြည့်ရှုပြီး ၎င်းတို့၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ … Read more
-
ပေါင်းတည်မြို့နယ်၊ မဲခေါင်း ကြာနီကန် ထန်းတပင်နှင့် ဘိုးသာအောင်ကုန်း စသည့် ကျေးရွာအုပ်စု (၄) စုရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘေးစီမံ) ================================================= ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မဲခေါင်း ကြာနီကန် ထန်းတပင်နှင့် ဘိုးသာအောင်ကုန်း စသည့် ကျေးရွာအုပ်စု (၄) စု၌ (၁၆-၄-၂၀၁၈) ရက်နေ့၊ (၁ရး၁၅) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုလဲခဲ့သည့်နေအိမ် (၃၄) လုံးအတွက် ပြည်ခရိုင်ဦးစီးမှူးရုံး (ဘေးစီမံ) မှ ကယ်ဆယ်ရေးပစ္စည်း (၁၄) မျိုး (၃၄) အိမ်ထောင်စာအား (၁၇-၄-၂၀၁၈) ရက်နေ့တွင် ကနဦးသွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာနေ မိုင်းနင်းမိ သေဆုံးခဲ့သူနှင့် ဒဏ်ရာရရှိသူတို့အတွက် ထောက်ပံ့မှုသတင်း
================================================= Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၃၀-၃-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာနေ ဦးလှမင်းအပါ (၄) ဦးတို့သည် ၎င်းတို့ကျေးရွာ၏ အရှေ့ဘက် (၄) မိုင်ခန့်အကွာ ကျောက်ဖြူတောင်ထိပ်သို့ ဟင်းပြင်းဖူးရှာရန် ရှေ့နောက်တန်းစီပြီး သွားခဲ့ရာ ရှေ့ဆုံးမှ သွားသူ ဦးလှမင်းက မိုင်းကို ကျော်လွန်သွားခဲ့သော်လည်း ဒုတိယမြောက်လိုက်ပါသူ ဦးစိုးဝင်းမှ မိုင်းနင်းမိခဲ့သဖြင့် အချင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးလှမင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သေဆုံးသူအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀) ကျပ်နှင့် ဒဏ်ရာရ ထောက်ပံ့ငွေ(၅၀၀၀၀) … Read more
-
ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့်ကုန်းရွာ၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့်ကုန်းရွာ၌ (၃၀-၃-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် နေအိမ် (၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀၀၀၀) ကျပ်တိတိအား (၁၁-၄-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ရွှေတောင်မြို့နယ်ထွေ/အုပ်သို့ သွားရောက်၍ ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည် ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံ စံလုပ်ငန်း အစီအစဉ်စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
================================================= ၁၀-၄-၂၀၁၈ နေပြည်တော် ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ်)တို့ ပူးပေါင်း၍ “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာနှစ်နိုင်ငံ စံလုပ်ငန်းအစီအစဉ် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား” ကို နေပြည်တော် Parkroyal ဟိုတယ်တွင် (၁၀-၄-၂၀၁၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ … Read more
-
မြောက်ဥက္ကလာပမြို့နယ်အတွင်း လေပြင်းဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= (၇-၄-၂၀၁၈) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဓာတ်တိုင်များလဲခြင်း၊ သစ်ပင်များ ကျိုးကျခြင်းတို့ကြောင့် နေအိမ်များပိခြင်း၊ နေအိမ်များ အမိုးလန်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး နေအိမ် (၃၇) လုံး ပျက်စီးခဲ့၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ် (၂၄,၉၄,၀၀ဝိ/) နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမိုးသွပ် (၉၂၃) … Read more
-
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာနှင့် ပလမြို့အမှတ် (၁) (၂) (၃) နှင့် (၄) ရပ်ကွက်များအတွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၁-၄-၂၀၁၈) ရက်နေ့တွင် မြိတ်ခရိုင် ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု ဇရပ်ဆိပ်ကျေးရွာနှင့် ပလမြို့အမှတ် (၁) (၂) (၃) နှင့် (၄) ရပ်ကွက်များ၌ လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(ဓနိမိုး ယိုင်ကာ ပျဉ်ခင်း) (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၉၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၅၁) ဦးအတွက် ဆန်ဘိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၀၇၁၀၀) ကျပ် … Read more
