
=================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ ဒါးကကမ်းနားလမ်း၌ (၁၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့ သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် Family Kits (၂၆) မျိုးပါ (၁) ပုံး (၈၂၀၀၀ိ/-) ၊ ပလက်စတစ်ပုံး (၁) ပုံး (၆၀၀၀ိ/-) ၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၆၃၀၀ိ/-) ၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀၀ိ/-) ၊ စုစုပေါင်း (၂၀၆၃၀၀ိ/-) အား (၁၈-၄-၂၀၁၈) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ ရှေ့မှောက်တွင် မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။