=================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
=================================================
(၇-၄-၂၀၁၈) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဓာတ်တိုင်များလဲခြင်း၊ သစ်ပင်များ ကျိုးကျခြင်းတို့ကြောင့် နေအိမ်များပိခြင်း၊ နေအိမ်များ အမိုးလန်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး နေအိမ် (၃၇) လုံး ပျက်စီးခဲ့၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ် (၂၄,၉၄,၀၀ဝိ/) နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမိုးသွပ် (၉၂၃) ချပ်အား (၉-၄-၂၀၁၈) ရက်နေ့တွင် ဣန္ဒြာဓမ္မာရုံ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ မြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။