
=================================================
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ပယ်ကျကျေးရွာအုပ်စု၊ ပြောင်ကျကျေးရွာ၌ (၁၆-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၄၃) ဦး ဘေးသင့်ခဲ့ရာ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၉၀၃၀၀ိ/-)၊ အမိုးလန်နေအိမ် (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၇၀၀၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၃၆၀၃၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၁၃) အိမ်ထောင်စာတို့ကို (၁၉-၄-၂၀၁၈) ရက်နေ့တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြောင်ကျကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။