မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာနှင့် ပလမြို့အမှတ် (၁) (၂) (၃) နှင့် (၄) ရပ်ကွက်များအတွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

4_Pic01 4_Pic02
=================================================
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

(၁-၄-၂၀၁၈) ရက်နေ့တွင် မြိတ်ခရိုင် ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု ဇရပ်ဆိပ်ကျေးရွာနှင့် ပလမြို့အမှတ် (၁) (၂) (၃) နှင့် (၄) ရပ်ကွက်များ၌ လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(ဓနိမိုး ယိုင်ကာ ပျဉ်ခင်း) (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၉၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၅၁) ဦးအတွက် ဆန်ဘိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၀၇၁၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၀၇၁၀၀) ကျပ်နှင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(ဓနိမိုး ယိုင်ကာ ပျဉ်ခင်း) (၉) လုံးအနက် (ပြိုကျပျက်စီး) အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၇) အိမ်ထောင်စာနှင့် (အမိုးပျက်စီး) အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာအား (၃-၄-၂၀၁၈) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events