မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာနေ မိုင်းနင်းမိ သေဆုံးခဲ့သူနှင့် ဒဏ်ရာရရှိသူတို့အတွက် ထောက်ပံ့မှုသတင်း

12_Pic01
=================================================
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

(၃၀-၃-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာနေ  ဦးလှမင်းအပါ (၄) ဦးတို့သည်  ၎င်းတို့ကျေးရွာ၏ အရှေ့ဘက် (၄) မိုင်ခန့်အကွာ ကျောက်ဖြူတောင်ထိပ်သို့ ဟင်းပြင်းဖူးရှာရန် ရှေ့နောက်တန်းစီပြီး သွားခဲ့ရာ ရှေ့ဆုံးမှ သွားသူ ဦးလှမင်းက မိုင်းကို ကျော်လွန်သွားခဲ့သော်လည်း ဒုတိယမြောက်လိုက်ပါသူ ဦးစိုးဝင်းမှ မိုင်းနင်းမိခဲ့သဖြင့် အချင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးလှမင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သေဆုံးသူအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀) ကျပ်နှင့် ဒဏ်ရာရ ထောက်ပံ့ငွေ(၅၀၀၀၀) ကျပ် စုစုပေါင်း (၃၅၀၀၀၀) ကျပ်တိတိအား (၁၁-၄-၂၀၁၈) ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events