Author Archives: Thandar Aung

  • မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ စကုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    =================================================== Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စကုမြို့နယ်အတွင်း (၁၁-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သော ပြိုကျအိမ်ခြေ (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀၀၀၀၀ိ/-)၊ လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၇,၈၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၆) စုစာနှင့် ရေဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၉၃၇၈၀၀ိ/-) တို့အား (၁၂-၆-၂၀၁၈) … Read more

  • ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ထိရောက်သော စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များဖြစ်စေရေး ဝန်ကြီးဌာနတွင်းအစည်းအ‌ဝေးပြုလုပ် လမ်းညွှန်မှာကြား

    ================ နေပြည်တော်၊ ဇွန် ၁၁==================== ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ထောက်ပံ့ ကူညီမှုလုပ်ငန်းများဆောင်ရွက်နေမှုအပေါ် ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များဖြစ်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနတာဝန်ရှိသူများသို့ လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် ဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့အပြား၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု များ ဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် ဆက်လက်ဖြစ်ပေါ်နိုင်သည့်အခြေအနေများ၊ လူမှု ဝန်ထမ်း၊ … Read more

  • ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ ဖြူးမြို့နယ် ကျီမနိုးကျေးရွာအုပ်စုအတွင်း လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    =============================================== Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =============================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖြူးမြို့နယ် ကျီမနိုးကျေးရွာအုပ်စု၊ ကျီးမနိုး၊ ဖောင်းကွင်း၊ ရေပုတ်၊ ခရုချောင်းကျေးရွာများ၌် (၁၀-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့် နေအိမ် (၆) လုံး၊ အမိုးလန်ခဲ့သည့်နေအိမ် (၁၇) လုံးနှင့် လူဦးရေ (၃၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၃၅၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၆) အိမ်ထောင်စာတို့အား … Read more

  • ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) မှ ကျိုက်ထိုမြို့နယ် လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    =============================================== Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) =============================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁)အိမ်ထောင်စာ၊ Family kit (၁) ထုပ်၊ ရေပုံးအဖုံးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-)နှင့် တစ်စိတ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး … Read more

  • မိုးလေဝသသတင်း

    မိုးလေဝသအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် သည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး၊ ဖီနီ(FENI)မြို့အနီးတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ် အားလျော့သွားပြီ ဖြစ်ပါသည်။ ယခုသတင်းသည် မုန်တိုင်းငယ်အတွက် နောက်ဆုံးထုတ်ပြန်ပေးသည့် သတင်း ဖြစ်ပါသည်။

Sign Up

Upcoming Events