===============================================
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===============================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖြူးမြို့နယ် ကျီမနိုးကျေးရွာအုပ်စု၊ ကျီးမနိုး၊ ဖောင်းကွင်း၊ ရေပုတ်၊ ခရုချောင်းကျေးရွာများ၌် (၁၀-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲခဲ့သည့် နေအိမ် (၆) လုံး၊ အမိုးလန်ခဲ့သည့်နေအိမ် (၁၇) လုံးနှင့် လူဦးရေ (၃၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၃၅၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၆) အိမ်ထောင်စာတို့အား (၉-၆-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဖြူးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။