ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) မှ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာအုပ်စု၊ ယက်ကန်းစင်ကျေးရွာ လေဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

11 Pic 01

===================================================
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း (၁၀-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အောင်သာကျေးရွာအုပ်စု၊ ယက်ကန်းစင်ကျေးရွာရှိ လူနေအိမ် (၁) လုံး ပြိုကျပျက်စီးခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)၊ လူဦးရေ (၄) ဦးအတွက် ဆန်ဖိုးငွေ (၈၄၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀၀ိ/-) နှင့် (၃၇၃၅၃ိ/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာတို့အား (၁၁-၆-၂၀၁၈) နေ့ (၁၂း၀၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ဲကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events