===================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီမှ (၁၄း၃၀) နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း အထက(ခွဲ) ကျောင်း ဟောပြောပွဲခန်းမ၌ ငလျင်နှင့် အခြားဘေးများအကြောင်းအား ဟောပြောဆွေးနွေးခဲ့ရာ ပညာရေးမှူး၊ အမျိုးသမီးရေးရာ ဥက္ကဌ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲ၌ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ DAN app များအကြောင်းဆွေးနွေးခြင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ငလျင်ဘေးအန္တရာယ်အကြောင်းဟောပြောဆွေးနွေးခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားအား လက်တွေ့သရုပ်ပြခြင်း၊ ပူးပေါင်းပါဝင်စေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။