==========================================================
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
==========================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၁၈) ရက်နေ့တွင် မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာအနီးရှိ လိပ်ကန်းချောင်းရေကျဆင်းမှုကြောင့် ခရီးသွားပြည်သူများ လမ်းခရီးတွင် စားရေး/သောက်ရေး အခက်အခဲဖြစ်နေသည့်အတွက် ရေသန့်ဗူးနှင့် မုန့်များကို တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့အင်အား(၅)ဦး၊ မကွေးတိုင်းဒေသကြီး ကြ က်ခြေနီတပ်ဖွဲ့မှ အင်အား(၃)ဦိး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှအင်အား(၇)ဦး၊ စုစုပေါင်းအင်အား(၁၅)ဦးဖြင့် (၁၅း၀၀) နာရီအချိန်တွင် သွားရောက်ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။